Pages

Pages

ကျိုက်ထိုမြို့၊ မိုးကုတ်ရိပ်သာ၌ (၁၇)ကြိမ်မြောက် ဓမ္မာနုပဿနာ သင်္ကြန်တွင်း တရားစခန်းဖွင့်လှစ်







MNP ၊ ဧပြီ ၁၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကံ့ကော်ရပ်ကွက်ရှိ မိုးကုတ်ရိပ်သာတွင် (၁၇)ကြိမ်မြောက် ဓမ္မာနုပဿနာ သင်္ကြန်တွင်း တရားစခန်းကို တစ်ပတ်ကြာ ဖွင့်လှစ်လျှက်ရှိရာ အေးချမ်းစွာ တရားလာရောက်အားထုတ်သူ များပြားလျှက်ရှိကြောင်း သိရသည်။

တရားလာရောက်အားထုတ်သူများကို ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီး၏ နည်းနာဥပနိဿယများအတိုင်း အရှင်မုနိန္ဒ(လင်းလက်ကြယ်ဆရာတော်) ဓမ္မာစရိယ သာသနဝုနိကရကထိက မိုးကုတ်နယ်လှည့်ဓမ္မကထိကနှင့် အရှင်နာရဒ ဓမ္မာစရိယ ဓမ္မကထိက ဆရာတော် တို့ မှ ဝိပသနာတရားတော်မြတ်အား  နေ့စဉ် ဟောကြေားပြသပေးပြီး အလှူရှင်များတို့က တရားစခန်းဝင်ရောက်အားထုတ်သူ သံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ် ယောဂီများတို့အား ဆွမ်းနှင့် လှူဒါန်းဖွယ်ရာများတို့ကို လှူဒါန်းခြင်း၊ ဝေယျာဝစ္စကုသိုလ်ယူခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်‌ နေကြလျှက်ရှိသည်။

အဆိုပါ တရားစခန်းကို ဧပြီလ ၁၀ ရက်နေ့မှ ၁၇ရက်နေ့အထိ တစ်ပတ်ကြာ ဖွင့်လှစ်နေပြီး မြို့နယ်အတွင်းရှိ ရဟန်းရှင်လူ ယောဂီသူတော်စင်  ၁၁၀ ဦးတို့ တရားစခန်းဝင်‌ရောက်ကာ ဘာဝနာတရား‌တော်များကို အေးချမ်းစွာ ကျင့်ကြံအားထုတ်ကြလျှက်ရှိကြောင်း သိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment