Pages

Pages

ဂွမြို့နယ်တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွေရာသီအခြေခံပန်းချီပညာသင်တန်းဖွင့်လှစ်





MNP ၊ ဧပြီ ၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်နွေရာသီအခြေခံပန်းချီပညာသင်တန်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဂွမြို့နယ်ရုံး ၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

 

အဆိုပါသင်တန်းကို ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကာ  မြို့ပေါ်ရပ်ကွက်များမှ အခြေခံပညာအလယ်တန်းအဆင့်ကျောင်းသား/သူ (၂၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းမှာ ရက်သတ္တ(၁)ပတ်ကြာမြင့်မည်ဖြစ်သည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment