Pages

Pages

ပုလောမြို့နယ်၌ ရှေးဦးသူနာပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

 


MNP - ဧပြီ    ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်  ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍  ရှေးဦးသူနာပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၄ နာရီက  ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင်  ဖွင့်လှစ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပုလောမြို့နယ် ကြက်ခြေနီ အသင်း ဉက္ကဋ္ဌ ဦးထွန်းမြင့်က လူသားအချင်းချင်း စာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနာခြင်း၊ လွတ်လပ်ခြင်း၊ စေတနာ့ ဝန်ထမ်း အကျိုးဆောင်ခြင်း၊ စည်းလုံးညီညွှတ်ခြင်းနှင့် ကမ္ဘာ့တစ်ဝန်း ပျံ့နှံ့ခြင်းစတဲ့ အခြေခံမူ(၇)ချက်ကို အခြေခံပြီး၊ အန္တရာယ် ကြုံတွေ့လာသူကို ကူညီစောင့်ရှောက်ပေးကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို သင်တန်းသူ /သင်တန်းသား (၃၀) ဦးဖြင့် ဧပြီလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ (၃)ရက်တိုင်တိုင်ဖွင့်လှစ်ခဲ့၍ သင်တန်းဆင်းလက်မှတ်များကို ပုလောမြို့နယ် ကြက်ခြေနီ ဉက္ကဋ္ဌက ချီးမြှင့်ခဲ့ရာ သင်တန်းသူ တစ်ဦးက လက်ခံခဲ့ပြီး၊ သင်တန်း ဆန်းစစ်ချက်များ ဖြေဆိုရာတွင် ပထမဆုကို မနီနီထွန်း တောင်ယာကမ်းကျေးရွာ၊ ဒုတိယဆုကို မမြူးမုံအိန္ဒာဆောင်း အမှတ်(၁)ရပ်ကွက်ပုလော၊ တတိယဆုကို မသင်းသဇင်လှိုင် အမှတ် (၁) ရပ်ကွက်မှ ဆွတ်ခူးခဲ့ပြီး ဆုရရှိသူများကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

သင်တန်းကို လူငယ်များ အနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ သုံးချတတ်စေရန်၊ လူအများ အန္တရာယ်ကြုံတွေ့လာပါက ကူညီဖြေရှင်းတတ်စေရန်နှင့် အများ အကျိုး ထမ်းရွက်နိုင်သည့် နိုင်ငံသားကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ပြောကြားခဲ့ သည်။

သတင်း - အေးအေးမော်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment