Pages

Pages

ရမည်းသင်းမြို့နယ်၌ အခြေခံရှေးဦးပြု စုနည်းသင်တန်းဖွင့်လှစ်ပို့ချ




MNP -  ဧပြီ   ၁၉

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရမည်းသင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ကို ယနေ့ နံနက် ၉ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးမျိုးလွင်က ကြက်ခြေနီအကြောင်း သိကောင်းစရာရှင်းလင်း ပြောကြား ပြီးရမည်းသင်းမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ကြက်ခြေနီဒုမြို့နယ် တပ်ဖွဲ့မှူးဒေါ်စုစုလှိုင်နှင့် သင်တန်း ဆရာ/ဆရာမများကရှေးဦးပြုစုအခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်း ဆိုင်ရာရှေးဦးပြုစုခြင်း၊ ရွေ့ပြောင်းသွားလာသူများ အန္တရာယ် ကင်းစွာ ရွေ့ပြောင်းသွားလာနိုင်ရေး၊ ဘေးကင်းလုံခြုံရေး အသိပညာပေးခြင်း ဒဏ်ရာများနှင့်သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့် ရိုးဆက်ကြောဒဏ်ရာများအကြောင်း၊ ကိုင်တွယ်နည်းနှင့် သယ်ဆောင်နည်းများ၊ အခြေခံအသက်ကယ် အထောက်ကူပြု နည်း အစရှိသည့် သင်ခန်းစာများကို စာတွေ့၊ လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို  သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၅) ဦး တက်ရောက်လျက်ရှိရာ သင်တန်းကာလမှာ ဧပြီ ၁၉ ရက်နေ့မှ ဧပြီ ၂၃ရက်နေ့အထိ  သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇော်ဝင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment