Pages

Pages

ညောင်လေးပင်၌ မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ပိတ်ပွဲ ကျင်းပ


MNP - ဧပြီ   ၁၆

ညောင်လေးပင်မြို့တွင် ပြုလုပ်လျက်ရှိသည့် ၁၃၈၃ ခုနှစ် မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန် ဗဟို‌ရေကစားမဏ္ဍပ်ပိတ်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါ ရေကစားမဏ္ဍပ်တွင် ပြုလုပ်ခဲ့ကောင်း သိရသည်။

၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူးအခါသမယတွင်‌ ညောင်လေးပင်မြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ‌တော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို သင်္ကြန်မိုးနှင့် မန်းတောင်ရိပ်ခို သီချင်းမျာဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ထို့နောက် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်ရာတွင် ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်း - နီနီဝင်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment