Pages

Pages

ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့တွင် အလှကုန်ပစ္စည်းများပြုလုပ်နည်း သင်တန်းဖွင့်





MNP - ဧပြီ   ၂၆

ကျေးလက်ဒေသမှ ပြည်သူများအရင်းအနှီးနည်းပြီး ကုန်ကျစရိတ်သက်သာစွာဖြင့် ကိုယ်ပိုင်ထုတ်ကုန်လုပ်ငန်းများ ထုတ်လုပ်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ  ဖွင့်လှစ်ပေးသည့် နနွင်းအခြေခံအလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းခန်းမ၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမော်၊ ပေါင်းလောင်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမကျော်မင်းထွန်းတို့က အမှာစကားပြောကြားပြီး၊ သင်တန်းဖွင့်ပွဲသို့ တက်ရောက်ကြသည့်  ဌာနဆိုင်ရာများတာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား/သင်တန်းသူများက အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

သင်တန်းတွင် အလှကုန်ထုတ်လုပ်မှု နည်းပညာများအကြောင်း၊ အလှကုန်လုပ်ငန်းသုံး ဓာတုဗေဒ ပစ္စည်းများအကြောင်းနှင့် အလှကုန်ပစ္စည်းများဖြစ်သည့်  Loion၊ Day Crean၊ Night Crean၊ Moisturzing Crean၊ Snow၊ Body Surub၊ Body Powder၊ Face Powder၊ ရွှေပြည်နန်းသနပ်ခါးပြုလုပ်နည်း၊ Quality Control and Packaging အကြောင်းများကို စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းသို့ ပေါင်းလောင်းမြို့နှင့်အနီးအနားပတ်ဝန်းကျင်ရှိ ကျေးရွာများမှ သင်တန်းသား/ သင်တန်းသူ (၂၀)ဦး တက်ရောက်ကြပြီး၊ သင်တန်းကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ခွန်အာကာစို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment