Pages

Pages

မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးအတွက် ဘိလပ်မြေလှူဒါန်း




MNP - ဧပြီ   ၂၈


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ဧပြီ ၂၈ ရက်က ဒေသဖွံ့ဖြိုးရေးအတွက် ဘိလပ်မြေလှူဒါန်းကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


ထိုသို့လှူဒါန်းရာတွင် ဟွေဖကျေးရွာအုပ်စု၊ ဟွေဖ(အပေါ်)ရွာအတွက် လမ်းခင်းရာတွင် အသုံး ပြုရန် ဘိလပ်မြေအိတ် ၂၀ ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ မိသားစုက ထောက်ပံ့လှူဒါန်းခဲ့သည်။


ဟွေဖ(အပေါ်)ရွာသည် ဝေးလံခေါင်သီ၍ မိုးတွင်းကာလတွင် သွားလာရခက်ခဲသော တောင်ပေါ်တိုင်းရင်းသားကျေးရွာ တစ်ရွာဖြစ်ပြီး လွယ်လူမျိုးအများစု နေထိုင်ကာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment