ဝါးခယ်မမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝါးခယ်မမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်



MNP  -  ဧပြီ   ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မီးသတ်ဦးစီဌာနမှ ဝန်ထမ်းများက မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ည ၇ နာရီအချိန်တွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်အတွင်းရှိ မိဘပြည်သူများခင်များ ယခုအချိန်အခါသည် ပူပြင်း ခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီးဖြစ်သဖြင့် မိမိနေအိမ်အတွင်း တပ်ဆင်ထားသော လျှပ်စစ် ကြိုးများ၊ ဝါယာကြိုးများ ဟောင်းနွမ်းနေပါကအသစ် လဲလှယ်ရန်၊ သစ်ပင်သစ်ကိုင်းများနှင့် တွယ်ညှိနေသော ဝါယာကြိုးများကို ဖယ်ရှားဆောင်ရွက်ရန်၊ မိမိနေအိမ်အတွင်း မီးလောင်လွယ် သည့်ဓာတ်ဆီ၊‌ ဒီဇယ်၊ လောင်စာ ဆီများကို သိုလှောင်မထားရန်၊ မိမိပတ်ဝန်းကျင်ရှိအမှိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ ဖယောင်းတိုင်မီး လျှပ်စစ် မီးများကို စနစ်တကျကိုင်တွယ်အသုံးပြုရန်၊ မိမိနေအိမ်အတွင်း မီးချိတ်မီးကပ်များ၊ သဲအိတ် ရေအိတ်များကို စနစ်တကျ ထားရှိရန်စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို လိုက်နာ ဆောင်ရွက်ရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။

သတင်း - ဟိန်းထက်လင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)