Pages

Pages

ကျောက်မဲမြို့၊ တိလင်ပရိယ်ယတိ စာသင်တိုက်ရှိ အသက် ၁၅ နှစ်အထက် ကိုရင်သာမဏေများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

 



MNP - ဧပြီ    ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၉ ရပ်ကွက်ရှိ တိလင်ပရိယ်ယတိစာသင်တိုက်ရှိ အသက် ၁၅ နှစ်အထက် ကိုရင်သာမဏေများအား ယမန်နေ့က မွန်းလွဲ ၂ နာရီအချိန်က အဆိုပါ စာသင်တိုက်ရှိ အခမဲ့ဆေးခန်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ အသက် ၁၅ နှစ်အထက် ပြည်သူများအားလုံးကို ဧပြီ ၁၇ ရက်နေ့မှစ၍ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန်ရှိသော်လည်း ယခုအခါ ပထမဦးစားပေးအနေဖြင့် ကျောက်မဲမြို့နယ်ရှိ  အသက် ၁၅ နှစ်အထက် သံဃာတော်များကို ထိုးနှံပေးခြင်းဖြစ်ကြောင်း ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေထံမှ သိရသည်။

သတင်း - မိုင်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment