Pages

Pages

၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်‌‌နေ့၌ သာကေတမြို့နယ်ရှိ (၁၀၈) တောင်မဟာဗောဓိ ဆံတော်ရှင်‌စေတီတော်မြတ်ကြီးတွင် သန့်ရှင်းရေးပြုလုပ်ခြင်းဖြင့်ကုသိုလ်ယူ

 


MNP - ဧပြီ    ၁၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်(၁၀)တောင်ရပ်ကွက်ရှိ (၁၀၈)တောင် မဟာဗောဓိစွယ်တော် ရှင်စေတီတော်မြတ်ကြီး တွင်မြန်မာသက္ကရာဇ်၁၃၈၄-ခုနှစ်မြန်မာ နှစ်သစ်ကူးနှစ်ဆန်းတစ်ရက်‌နေ့၌ အများပြည်သူ စိတ်အေးချမ်းစွာ ကုသိုလ်ယူနိုင်ကြစေရန် အတွက်အရှေ့ဘက်မုဒ် အဝင်လမ်း ပတ်ဝန်းကျင်နှင့် စေတီတော်ဝင်းအတွင်း‌ ရေပြင်တော်၌ ယ‌နေ့နံနက်(၆)နာရီတွင် သာကေတမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်း ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများမှ သန့်ရှင်း ရေးပြုလုပ် ကုသိုလ်ယူကြောင်းသိရှိရသည်။

အဆိုပါ(၁၀၈)တောင်စေတီတော်မြတ်ကြီး၌ယနေ့ ဧပြီလ (၁၇)ရက်နေ့တွင် ကျရောက်သည့် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင်အများ ပြည်သူများမှ စိတ်အေးချမ်းစွာ ဖူးမြော် ကုသိုလ်ယူနေကြသကဲ့သို့ သန့်ရှင်းရေးပြုလုပ်ပြီး ကုသိုလ်ယူသည့် မြို့နယ် စည်ပင် သာယာရေးဝန်ထမ်းများကို လဲအလှူရှင်မှ မုန့်လုံးရေပေါ်ဖြင့် ဧည့်ခံကျွေးမွေး ကုသိုလ်ယူကြောင်း သိရှိရသည်။

သတင်း - ဆောင်းနှင်းဖြူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment