Pages

Pages

သထုံမြို့ရှိ အေးမြခိုင်ဈေး၌ အသည်းရောင်အသားဝါ(ဘီ)နှင့် (စီ)ရောဂါပိုး ရှိ/မရှိ ပြည်သူများအား အခမဲ့စစ်ဆေးပေး




MNP ၊ ဧပြီ  ၁၉

မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ အေးမြခိုင်ဈေးတွင် ယနေ့၊ နံနက်က ဈေးရောင်းဈေးဝယ်များနှင့် ရပ်ကွက်နေပြည်သူများတို့အား အသည်းရောင်အသားဝါ(ဘီ)နှင့်(စီ)ရောဂါပိုးရှိမရှိ အခမဲ့စစ်ဆေးပေးခြင်းကို ကျန်းမာရေး‌ဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များတို့‌ပူးပေါင်းကာ အေးမြခိုင်ဈေးမှ ဈေးရောင်းဈေးဝယ်သူများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၆၆ ဦးတို့အား စစ်ဆေးပေးခဲ့ကြသည်။

သထုံမြို့နယ်တွင် အသည်းရောင်အသားဝါ(ဘီ)နှင်(စီ)ရောဂါပိုးရှိမရှိ အခမဲ့စစ်ဆေးပေးခြင်းကို ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ပြီး ယနေ့အထိ ဒေသခံပြည်သူ စုစုပေါင်း ၃၀၀ ခန့်အားစစ်ဆေးပြီးဖြစ်ကြောင်း ပြည်သူ စုစုပေါင်း ၁၀၀၀ ဦးခန့်အား စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment