ပြည်မြို့ရွှေဆံတော် စေတီတော်မြတ်ကြီး၌ ကုသိုလ်ပြုစုပေါင်း သန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့ရွှေဆံတော် စေတီတော်မြတ်ကြီး၌ ကုသိုလ်ပြုစုပေါင်း သန့်ရှင်းရေးဆောင်ရွက်

 


MNP -  ဧပြီ   ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်နှင့် အလယ်ပစ္စယံတို့တွင် ယမန်နေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့များ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့‌‌ကြောင်း သိရသည်။

ယင်းစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကြည်အေးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တိုးလှိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းဦးဆောင်သော ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အရန်မီးသတ်ဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ တပ်မတော်သားများ အပါအဝင် စုစုပေါင်းအင်အား (၃၀၃)ဦးဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် စေတီတော်မြတ်ကြီး၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး၊ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်‌ရေးတို့အတွက် ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဆက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)