Pages

Pages

ရေကြည်မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန် (အတက်နေ့) အေးချမ်းပျော်ရွင်စွာ ရေကစားကြသူများဖြင့်စည်ကား


MNP - ဧပြီ    ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် အတာသင်္ကြန်ချစ်သူများက သင်္ကြန်အတက်နေ့ နံနက်ပိုင်းတွင် ရပ်ကွက်သင်္ကြန်မဏ္ဍပ်များနှင့် ဗဟိုမဏ္ဍပ်များတွင် သင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွင်စွာ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် ရပ်ကွက်သင်္ကြန်မဏ္ဍပ်များတွင် ဝါသနာရှင်များက သီဆိုဖျော်ဖြေခြင်း၊ စေတနာရှင်များက စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးကြကြောင်း သိရသည်။   

ထို့ပြင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ဒေသခံပြည်သူများတစ်ဦးနှင့် တစ်ဦးခိုက်ရန်မဖြစ်ပွား စေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ဆောင်ရွက် ပေးနေကြောင်း သတင်းရရှိသည်။

သတင်း - အောင်သူဟန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment