Pages

Pages

ပြင်ဦးလွင်မြို့တွင် ၁၃၈၄ ခုနှစ် နှစ်သစ်ကူး ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပ




MNP - ဧပြီ    ၁၈ 

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဉီးလွင်မြို့တွင်  ပြင်ဉီးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး ကျင်းပသော  ၁၃၈၄ ခုနှစ် နှစ်သစ်ကူး ဇီဝိတဒါန ငါးလွှတ်ပွဲကို ယမန်နေ့ နံနက် (၈) နာရီက   ရက်ကွက်ကြီး (၆)  ကန်တော်လေး၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

အဆိုပါ ငါးလွှတ်ပွဲတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ  ၁၃၈၄ ခုနှစ် နှစ်သစ်ကူး ဇီဝိတဒါန ငါးလွှတ်ခြင်း၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း  ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ နှင့် အဖွဲ့ဝင်များနှင့်  ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ  ရွှေဝါငါးကြင်း  ကောင်ရေ  (၅) သောင်း၊ ငါးခုံးမကြီး ကောင်ရေ (၅) သောင်း၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ  (၁) သိန်းတို့အား  ကန်တော်လေး ရေပြင်အတွင်းသို့ စုပေါင်းလွှတ်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment