နှစ်သစ်ကူး ရုံးပိတ်ရက်တွင် ငွေဆောင်ကမ်းခြေ၌ လာရောက်အပန်းဖြေသူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်သစ်ကူး ရုံးပိတ်ရက်တွင် ငွေဆောင်ကမ်းခြေ၌ လာရောက်အပန်းဖြေသူများဖြင့် စည်ကား



MNP - ဧပြီ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေတွင် နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်သည့် ၉.၄.၂၀၂၂

 မှစ၍ လာရောက်အပန်းဖြေကြသည့် ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။

ငွေဆောင်ကမ်းခြေသည် သဲသောင်ပြင်သန့်ရှင်းခြင်း၊ ပင်လယ်ရေကြည်လင်ခြင်းတို့ကြောင့် ခရီးသွား ဧည့်သည်များ အထူးစိတ်ဝင်စားသည့် နေရာတစ်ခုဖြစ်သည်။ ငွေဆောင်ကမ်းခြေမှ အနီးပတ်ဝန်းကျင်ရှိ ငှက်ကျွန်း၊ ချစ်သူများကျွန်း၊ မြွေကျွန်း၊ ဘုရားသုံးဆူနှင့် မိုးမခဆင်စခန်းများသို့လည်း သွားရောက် လည်ပတ်နိုင်သည်။

ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေးအတွက် ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ ကမ်းခြေတစ်လျောက် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံပြည်သူတစ်ဦးထံမှ သိရသည်။

သတင်း - ပန်းဧရာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)