MNP ၊ ဧပြီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများ(Book Club) တို့ပူးပေါင်း၍ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဧပြီလ ၂ ရက် မွန်းလွှဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဦးဟန်မျိုးကျော်က စာဖတ်ဝိုင်း ကျင်းပ ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာပေချစ်သူများအဖွဲ့ဝင်တို့က ဒို့ ကျေးရွာ၊ မွေးမြူရေးနည်းလမ်းကောင်းများ စာအုပ်တွင်ပါရှိသော ဆိတ်မွေးမြူရေးတွင် သိသင့်သိထိုက်သော အကြောင်းအရာများ၊ နို့ခန်းရောဂါ ဂရုစိုက်ပါ၊ တိုင်းရင်းကြက် မွေးမြူခြင်းနှင့် ကာကွယ်ကုသခြင်း၊ ဝက်များတွင်လိုအပ်သော အာဟာရများနှင့် ဗိုက်တာမင်များ စသည့်အကြောင်းအရာ များကို ဖတ်ကြားပြီး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်း - စိုးဝေအောင်(ခင်ဦး)
https://t.me/MyanmarNationalPost


No comments:
Post a Comment