Pages

Pages

ကရသူရိမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး



MNP - ဧပြီ  ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့ကျေးလက် ကျန်းမာရေးရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးခြင်းကို  ကျေးလက်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်စာရေးများ ပူးပေါင်းပါဝင်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ  (Booster Dose) ထိုးနှံပေးခြင်းဖြစ်ပြီး အဆိုပါထိုးနှံရာ၌ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူများကို (Booster Dose) ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် (Booster Dose) ထိုးနှံပြီးစီးသူများကို ဆေးထိုးနှံပြီးစီးကြောင်း (ဆေးလက်မှတ်) များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment