MNP - ဧပြီ ၉
ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်သည် အထင်ကရရှေးဟောင်းမြို့တော်ဖြစ်သည်နှင့်အညီ ယူနစ်စ ကိုဝင်နိုင်ရန်အတွက် အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အလို့ငှာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင် ရာ ဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ဒေသခံပြည်သူများတို့ ပူး ပေါင်း ၍ ယနေ့ နံနက် ၇ နာရီအချိန်က ကုန်သည်တန်းရပ်ကွက် နန်းတော်ရာကုန်းဘေးပတ်လည် နေရာများနှင့်ပြည်သူ့ဆေးရုံဟောင်းနေရာများ၌ ပေါက်ရောက်နေသော ခြုံနွယ်များ၊ လမ်းဘေးဝဲ ယာရှိအမှိုက်များအား စုပေါင်းသန့်ရှင်းရေး အမှိုက် Campaing ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာနေရာသို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်း ဦးဆောင်၍၊ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင် အတွင်းရေးမှူး ဒုတိယရဲ မှူးကြီးခင်မောင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော် နိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက် နှင့်အဖွဲ့ ဝင် များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ ခရိုင်/ မြို့ နယ် အဆင့်ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ ပြည်သူများစုစုပေါင်း (၄၄၄)ဦးတို့ ပူးပေါင်း၍ စုပေါင်း သန့် ရှင်းရေးလုပ်ဆောင် လျှက်ရှိ ကြောင်း သိရသည်။
မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှု ဒေသသို့ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးဧည့်သည်တော် များ နှင့် အမြို့မြို့အနယ်နယ်မှ ဘုရားဖူးလာရောက် ကြသော ပြည်သူများ အနေဖြင့် စိတ်အေး ချမ်းသာစွာ လည်ပတ်နိုင်ရန်အတွက် နန်းတော်ရာကုန်းဘေးပတ်လည်ရှိ အမှိုက်သရိုက်များ ကောက်ယူ ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ နှင့် ပေါင်းမြက်များအား စုပေါင်း ခုတ်ထွင် ရှင်းလင်းခဲ့ကြ ပြီးနောက် မြောက်ဦးမြို့တော်ကိုအမှိုက်ကင်းစင်မြို့တော်ဖြစ်စေရေးအတွက် အပတ်စဉ် စနေနေ့ တိုင်း စုပေါင်း သန့်ရှင်းရေး ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - မြင့်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment