Pages

Pages

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club များက စာဖတ်ဝိုင်း ပြုလုပ်



MNP - ဧပြီ    ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိစေရှိစေရန် ၊လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book   Club အဖွဲ့ဝင်များက စာရေးဆရာဒေါက်တာကျော်စိန်၏လူငယ်လမ်းညွှန်စာအုပ်အား ယနေ့နံနက် (၁၁) နာရီ အချိန်က သံ‌တောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်  Community      Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်နီလာအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး  နော်အယ်ဝါး (Book   Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာတွင်ခေါင်းစဉ်ငယ်များဖြစ်သည့် လူငယ်နှင့် ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ဘာသာရေး စသည်တို့ကို ဖတ်ကြားဆွေး နွေးခဲ့သည်။

ဆက်လက်ပြီး နော်ဂရေစီထွန်း(Book   Club) အဖွဲ့ဝင်က လူငယ်နှင့်ကြီးပွားရေး၊လူငယ်နှင့် ပေါင်းသင်း ဆက်ဆံရေး၊ လူငယ်နှင့်နိုင်ငံရေးစသည့် အကြောင်းအရာများကို ဖတ်ကြား ဆွေးနွေးပြီး တက်ရောက်လာသည့် Book   Club  အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - စောမင်းသား

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment