ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်



MNP - ဧပြီ   ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နွေရာသီကာလပွင့်လင်းရာသီ ရောက်ပြီဖြစ်၍ ဒေသနေပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးမှ (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ပြီးနောက်  မြို့မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးဦးရီဝင်းက ဒေသနေပြည်သူများအနေဖြင့် နွေရာသီ ရောက်ပြီဖြစ်၍ ပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ် မကျရောက်စေရန် အတွက် လျှပ်စစ်မီး၊ မီးဖိုမီး ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေများအား ညအိပ်ရာဝင်ချိန်တွင် သတိထား၍ စနစ်တကျမီးငြိမ်းသတ်ရန်၊ နေအိမ်များတွင် မီးသတ်ဆေးဖျန်းဘူးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိဆောင်ရွက်ထားရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များအား စနစ်တကျ ရှင်းလင်းထားရန်၊ လောင်စာဆီများနှင့် စက်သုံးဆီများ ရောင်းချသည့် ဈေးဆိုင်များ အနေဖြင့် မီးသတ်ဆေးဖျန်းဘူးများ ထားရှိရန်၊ မီဘေးအန္တရာယ်ကြုံတွေ့ လာပါက အမြန်ဆက်သွယ် အကြောင်းကြားကြရန် စသည်ဖြင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက် များနှင့် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို အသိပညပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သတင်း - ဇင်လေး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)