Pages

Pages

မြောင်းမြ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ

 


MNP - ဧပြီ    ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show)ကို ယနေ့ နေ့လယ် (၁) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောင်းမြခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက သဘာဝဘေးကျရောက်လာပါက ဆောင်ရွက်မည့် အစီအမံများ၊ သဘာဝဘေးအန္တရာယ် အမျိုးအစားများနှင့် ထောက်ပံ့ပေးမှုအခြေအနေများ၊ လက်ရှိလုပ်ဆောင်နေမှုများအား မေးမြန်းဆွေးနွေးခဲ့ရာ မြောင်းမြခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လဲ့ရည်ချိုက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြဗဟိုဌာနတွင် အသိပညာပေး(Talk Show) များအပြင် အများပြည်သူများ အသိပညာတိုးပွားစေရေးအတွက် Online မှတစ်ဆင့် ပုံပြင်များတင်ဆက်ပေးခြင်း၊ ကဗျာများ၊ စာအုပ်မိတ်ဆက်ခြင်းများ အပါအဝင် အခြားဗဟုသုတရဖွယ် အစီအစဉ်များကို မြောင်းမြခရိုင်ပြည်သူ့ စာကြည့်တိုက် Page မှ တစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ဒေါ်ခင်ရူပါအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment