Pages

Pages

ဟင်္သာတခရိုင် ပြန်/ဆက်ရုံး (Community Centre) ခန်းမတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး Talk Show ကျင်းပ

 




MNP -  ဧပြီ    ၅

ဟင်္သာတခရိုင် ပြန်/ဆက် ဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အသိပညာပေး Talk Show ဆွေးနွေးပွဲ ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက   ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက  Talk Show ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြောကြားပြီး  ဟင်္သာတခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းက  ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပတ်သက်၍ မိတ်ဆက်ဆွေးနွေးပြီး မိမိတို့ဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များကိုလည်းကောင်း စနစ်တကျ အမှိုက်စွန့်ပစ်ရေး၊ သန့်ရှင်း သော သောက်သုံးရေ ရရိရေး၊ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသော အကြောင်းတရားများ၊ ပြည်သူများ လူနေမူဘဝ တိုးတက်မြင့်မားရေးအတွက် နေ့စဉ် လိုက်နာရမည့် ကိစ္စများစသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်သူများ သိရှိစေရန် အသိပညာပေး ဆွေးနွေးပေး ခဲ့ကြောင်း သိရှိရသည်။

ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ရှိ Community Centre တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ စာပေ ဆွေးနွေးပွဲများ၊ အသိပညာပေး Talk Show ပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း -  ကိုဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment