မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ



MNP - ဧပြီ    ၁၀

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ဌာန၏ ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာဆောင်ရွက်နိုင်ကြစေရန်နှင့် ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများ စာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြု ဗဟိုဌာန Community Centre ၌ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စောဝတ်ရည်က မိမိတို့ရုံးဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် လိုအပ်ကြောင်း ပြောကြားပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ် အခန်း(၂)မှ ဝန်ထမ်းခန့် ထားခြင်းဆိုင်ရာ သတ်မှတ်ချက်များကို  ဖတ်ကြားရှင်းလင်းခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူး ဦးစိုင်းသန်းထွန်းက အခန်း(၃)မှ ဝန်ထမ်းများ ခန့်ထားခြင်းနှင့် ဌာနကူးပြောင်းတာဝန်ထမ်းဆောင်ခြင်း ခေါင်းစဉ်ကိုလည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်ဖြိုးဖြိုးစံက အကူဝန်ထမ်းအဆင့်နှင့် စာရေးဝန်ထမ်းအဆင့်များ ရွေးချယ်ခန့်အပ်ခြင်း ခေါင်းစဉ်ကို လည်းကောင်း၊ ရုံးအကူ ဒေါ်နွယ်နွယ်ဝင်းက ကျွမ်းကျင်ဝန်ထမ်းအဆင့် ရွေးချယ်ခန့်ထားခြင်း ခေါင်းစဉ်ကိုလည်းကောင်း၊ အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - ဝတ်ရည်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)