MNP ၊ ဧပြီ ၉
သထုံခရိုင် ၊ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ၊ လူထုအခြေ ပြုဗဟိုဌာန ( Community Centre)ခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီက စာပေချစ်မြတ်နိုးသူများအသင်း (Book Club )၊ (Youth Club)၊ (Woman Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာဒေါက်တာကျော်စိန် ရေးသားသည့် " လူငယ်လမ်းညွှန်"စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဉီးစီးမှူး ဒေါ်အေးမျိုးမျိုးစံ က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club )အဖွဲ့ဝင် ဉီးမြတ်ဝင်း၊ (Woman Club ) အဖွဲ့ဝင်
ဒေါ်သီတာအေး နှင့် ဒေါ်ခိုင်ဝေဖူး တို့က ဉီးဆောင်ဆွေးနွေး ကြပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များက စာအုပ်ပါအကြောင်း အရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကိုဆောင်ရွက်ပေးခြင်းဖြင့် လူငယ်၊လူရွယ်များ စာဖတ်သည့်အလေ့အကျင့် အားကောင်းလာစေရန်၊စာပေမှရရှိသည့် အသိပညာဖြင့်သူတစ်ပါးအားမျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
ထူးနောင် (ဘီးလင်း)
https://t.me/MyanmarNationalPost

No comments:
Post a Comment