Pages

Pages

မင်းဘူးခရိုင် Community Centre တွင် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း အခမဲ့သင်ကြားပို့ချ



MNP - ဧပြီ    ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre တွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စာရင်းစစ်တို့ ပူးပေါင်းကျင်းပတဲ့ ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းကို ယနေ့နံနက် ၁၀  နာရီအချိန်က အခမဲ့သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

သင်တန်းတွင် မင်းဘူးခရိုင်စာရင်းစစ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး  ဒေါ်မာမာအေးက  သင်တန်းပို့ချရခြင်း ရည်ရွယ်ချက်နှင့် ငွေစာရင်းနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် မြို့နယ်စာရင်းစစ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်အေးစီက ငွေစာရင်း ထိန်းသိမ်းနည်းလက်စွဲ စာအုပ် ထဲမှ သိကောင်းစရာ အချက်အလက်များကို ငွေစာရင်းခေါင်းစဉ် တစ်ခုချင်းအလိုက် ဧပြီ ၅ ရက်နေ့မှ ဧပြီ ၇ ရက်နေ့အထိ ၃ ရက်ကြာ စနစ်တကျ သင်ကြားပို့ချလျက်ရှိပြီး ခရိုင်အတွင်းမှ သင်တန်းသား သင်တန်းသူ ၂၀ ဦး တက်ရောက် သင်ယူခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သိရသည်။

သတင်း - ဇေယျာထက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment