Pages

Pages

ကျိုက်ထို မြို့နယ်ရုံး Community Centre၌ မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်လှစ်







MNP ၊  ဧပြီ ၅

မွန်ပြည်နယ်၊ကျိုက်ထို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့နှင့်ပူး ပေါင်း ၍ မြန်မာ့ရိုးရာသိုင်းသင်တန်း(အခမဲ့)ကို  ဧပြီ (၅)ရက်နေ့ နံနက်ပိုင်းက  မြို့နယ်ရုံး Community Centreခန်းမ၌ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ပြီး ကာယ၊ဉာဏစွမ်းရည်များဖွံ့ဖြိုးစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်း ဖြစ် ကြောင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်လှမိုးခိုင်က ယခု သင်တန်းတွင် သင်ကြားပေးမည့် ပညာရပ် များသည် မိမိတို့အတွက်အကျိုးရှိမည့် ပညာရပ်ဖြစ်သည့်အတွက် သင်တန်းကိုအချိန်ပြည့် တက်ရောက်ကြရန် တို့ကိုဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ မြန်မာ့ရိုးရာသိုင်းသင်တန်းတွင် အခြေခံ  သိုင်း ၆၃ ကွက်ကို ပညာရေးဌာန မှ  ဦးအောင်ခိုင်စိုး(မူအုပ်- အမက တောင်ကလေး) ကသင်တန်းနည်းပြ အဖြစ် သင်ကြားပြသပေးခဲ့ပြီး  သင်တန်းသား ၊သင်တန်းသူ( ၁၅) ဦးတက်ရောက် ၍ သင်တန်းကာလမှာ (၃)ရက်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။


သတင်း -  သန်းသန်းမော်(ကျိုက်ထို)

Myanmar National Post

No comments:

Post a Comment