Pages

Pages

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covishield) ထိုးနှံပြီး(၆)လပြည့်သူများကို (Booster Dose) များဆက်လက်ထိုးနှံပေး




MNP -  ဧပြီ   ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ ကျေးရွာများအတွင်း  ကိုဗစ်-၁၉ရောဂါ  လျော့နည်းကျဆင်းစေရေးနှင့်    ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ယနေ့  နံနက် (၁၀)နာရီက    စဉ့်ကိုင် ပြည်သူ့ဆေးရုံ၌  (Covishield) ထိုးနှံပြီး(၆)လပြည့်သူများကို (Booster Dose)များ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ အဆိုပါ(Booster Dose)ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  ပလိပ်တိုက်နယ်ဆေးရုံ တွင် ဒေါက်တာသက်ကိုကိုလွင် (ရောဂါနှိမ်နှင်းရေး)၊ ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာရေးမှူး)တို့က ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ သူနာ ပြုတပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့ဝင်များ၊  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ   ပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့်  ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊  ပရဟိတအဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး Omicron အပါအဝင် ကိုဗစ်-၁၉  မျိုးရိုးဗီဇပြောင်း ရောဂါပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက်ပြန့်ပွားမှု မဖြစ်စေရေး၊  ကြိုတင်ကာကွယ်  တားဆီး နိုင်စေရန်နှင့် ရောဂါကူးစက်မှုလျော့နည်း စေရေးအတွက် ပြည်သူများသိရှိလိုက်နာစေရန်၊ အသံချဲ့ စက်များ၊ Hand  Spaker များဖြင့်  လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း၊   ဒေသန္တာရ  စည်းကမ်းချက်များ၊   ကျန်းမာရေးဝန်ကြီးဌာနက  ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း  အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဧပြီလ (၂၄)ရက်နေ့အထိ   First Dose   (၈၅၆၂၈)ဦး Second Dose (၆၉၄၅၃)ဦးနှင့်Third Dose (Booster Dose)(၁၄၄၇)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၁၀၀.၉၄%) အား  ထိုးနှံပေးပြီးဖြစ်ရာ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံခြင်း မရှိသေးသူများကိုလည်း  မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက  ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။

သတင်း - ညိုညိုဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment