မိုင်းဖြတ်မြို့နယ်၌ E-IDစနစ်ဖြင့် နိုင်-၄ မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း ရိုက်သွင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ E-IDစနစ်ဖြင့် နိုင်-၄ မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း ရိုက်သွင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်



MNP - ဧပြီ   ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ E-IDစနစ်ဖြင့် နိုင်-၄ မှတ်တမ်းနှင့် အိမ်ထောင်စုစာလူဦးရေ စာရင်းရင်း ရိုက်သွင်းခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့  အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မိုင်းဖြတ်တပ်နယ်မှ တာဝန်ရှိသူများက ကွန်ပျူတာ(၁၅)လုံးဖြင့် ရုံးဖွင့်ရက်နေ့များ၌ နံနက်၉နာရီခွဲမှ ညနေ ၄နာရီခွဲအထိ စာရင်း ရေးသွင်းခြင်းများကို ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ မိုင်းဖြတ်တပ်နယ်မှ တာဝန်ရှိသူများ၊ မိုင်းဖြတ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးတို့က ကြည့်ရှုအားပေးပြီး လုပ်ငန်းလိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။  

မိုင်းဖြတ်မြို့နယ်တွင် နိုင်-၄မှတ်တမ်း ရိုက်သွင်းရမည့်ဦးရေ (၃၉၃၅၄)ဦးနှင့် အိမ်ထောင်စုလူဦးရေ စာရင်း(၂၉၇၀၀) အိမ်ထောင်စုရှိပြီး မှတ်တမ်းရေးသွင်းခြင်းလုပ်ငန်းကို သတ်မှတ်ရက်အတွင်း အချိန်မှီပြီးစီး အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)