ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် ထိုင်းနိုင်ငံ၊ တရားရေးဝန်ကြီး H.E Mr.Somsak Thepsutin တို့ ဘန်ကောက်မြို့၌ နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး တိုးမြှင့် ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် ထိုင်းနိုင်ငံ၊ တရားရေးဝန်ကြီး H.E Mr.Somsak Thepsutin တို့ ဘန်ကောက်မြို့၌ နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး တိုးမြှင့် ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး


 MNP ၊ ဧပြီ ၂၆

မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့၊ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ တရားရေးဝန်ကြီး၊ H.E.Mr.Somsak Thepsutin ၏ ဖိတ်ကြားချက်အရ မြန်မာ-ထိုင်း နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်း ထိန်းချုပ်ရေးကိစ္စရပ်များ တိုးမြှင့် ဆောင်ရွက်ရန် ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာအမျိုးသား လေကြောင်းဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာသွားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ၊ တရားရေးဝန်ကြီး H.E.Mr.Somsak Thepsutin နှင့် တွေ့ဆုံ၍နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတိုးမြှင့် ဆောင်ရွက်ရေး၊ ယခုလက်ရှိ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး Operation 1511/22 ၏ အောင်မြင်မှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ် ရေးအဖွဲ့(ONCB)မှ မူးယစ်ဆေးဝါး ပြစ်မှုများနှင့် ဆက်နွယ်၍  သိမ်းဆည်းထားရှိသော ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲပုံအဆင့်ဆင့်နှင့်အတူ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် ခေတ်မီနည်းပညာအသုံးပြုဖော်ထုတ်ဆောင်ရွက်နေမှု၊ သိမ်း ဆည်းထားသည့် ဘဏ္ဍာသိမ်း ပစ္စည်းများ လေလံတင်ရောင်းချမှုတို့ကို ကြည့်ရှုလေ့လာကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘန်ကောက်မြို့ရှိ ထိုင်း တော်ဝင်ရဲတပ်ဖွဲ့၏ ဆိုင်မိုင်နယ်မြေရဲစခန်းနှင့် ရေကြောင်းရဲတပ်ဖွဲ့တို့မှ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆောင်ရွက်နေမှု၊ ရဲတပ်ဖွဲ့ဝင်များ၏ နေထိုင်ရေးနှင့် အုပ်ချုပ်ထောက်ပံ့ရေး ဆောင်ရွက်ပေးမှုကို  ကြည့်ရှုလေ့လာခဲ့သည်။

ခရီးစဉ်တွင် အတူလိုက်ပါသွားသော မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၂ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Anantra Siam Bangkok Hotel အစည်းအဝေးခန်းမ၌ ထိုင်းနိုင်ငံမှ အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသည့် (၂၃)ကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးသို့ တက် ရောက်ခဲ့ပြီး ဒေသတွင်းမူးယစ် ဆေးဝါးအခြေအနေများ၊ ရွှေတြိဂံဒေသသို့ ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှု ထိန်းချုပ်ရေး၊ ဒေသတွင်းနှင့် ဒေသပြင်ပနိုင်ငံများသို့ မူးယစ်ဆေးဝါးများ ပျံ့နှံ့မှုမရှိစေရေး၊ နှစ်နိုင်ငံအလိုရှိ တရားခံများဖော်ထုတ်ဖမ်းဆီးရေးကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အရာရှိများ ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ လူငယ်များအကြား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ ပေးရေး ကိစ္စရပ်များနှင့် (၂၄)ကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ကိစ္စရပ်များကို သဘောတူဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဧပြီ ၂၅ ရက် ညနေပိုင်းတွင် မြန်မာအမျိုးသားလေကြောင်းဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)