Pages

Pages

တာမွေမြို့နယ်တွင် သူငယ်တန်း(KG)မှ နဝမတန်း(Grade-10)အထိ နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ



MNP - ဧပြီ  ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းအချိန်မှစတင်ကာ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် သူငယ်တန်း(KG)မှ နဝမတန်း(Grade-10)အထိ နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများကို အသီးသီး ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် သူငယ်တန်း(KG)မှ နဝမတန်း(Grade-10)အထိ နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း (၂၈)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၄)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၁)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၄၀) ကျောင်းရှိပြီး ရာနှုန်းပြည့်နီးပါး ဖြေဆိုအောင်မြင်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်း ရှိပါသည်။      

သတင်း - နိုင်လင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment