Pages

Pages

ဂွမြို့နယ်တွင်LED မီးအလှပြပွဲနှင့် ခေတ်မီကလေးကစားကွင်းတွင် လာရောက်သူများနှင့် စည်ကားလျက်ရှိ

 







MNP ၊ ဧပြီ  ၂၈

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ရွှေမြန်မာLED မီးအလှပြပွဲနှင့်အတူ မြေကျော်အပျော်စီးလှေနှင့် ခေတ်မီကလေးကစားကွင်းကို မြို့မရပ်ကွက် သိမ်ကုန်းစေတီတော် ဘုရားဝန်းအတွင်းရှိ ဇာတ်ရုံကွင်းတွင် ယမန်နေ့ညက စတင်ပြသဆောင်ရွက်ခဲ့ရာ လာရောက်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ LED မီးအလှပြပွဲနှင့်အတူ မြေကျော်အပျော်စီးလှေနှင့် ခေတ်မီကလေးကစားကွင်းကို ဧပြီလ(၂၇)ရက်နေ့မှ မေလ(၆)ရက်နေ့အထိ ခင်းကျင်းပြသဆောင်ရွက်ထားမည်ဖြစ်ပြီး အပန်းဖြေလာရောက်သူများ၊ လေ့လာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment