ချောက်/လမ်းရွာရေနံမြေ၏ ၂၀၂၁ - ၂၀၂၂ Mini Budget အတွင်း လူမှုရေးတာဝန်သိမှု CSR အစီအစဉ်ဖြင့် အပေါ့စားမီးသတ်စက်ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောက်/လမ်းရွာရေနံမြေ၏ ၂၀၂၁ - ၂၀၂၂ Mini Budget အတွင်း လူမှုရေးတာဝန်သိမှု CSR အစီအစဉ်ဖြင့် အပေါ့စားမီးသတ်စက်ပေးအပ်



MNP - ဧပြီ   ၂၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ချောက်/လမ်းရွာရေနံမြေ၏ ၂၀၂၁ - ၂၀၂၂ Mini Budget အတွင်းလူမှုရေးတာဝန်သိမှု CSR အစီအစဉ်ဖြင့် အပေါ့စားမီးသတ်စက်ပေးအပ်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်းက အပေါ့စားမီးသတ်စက်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အမှတ်(၁၀)ရပ်ကွက် ပတ္တမြားရပ်နှင့် အမှတ်(၁၅)ရပ်ကွက် စံပြမြို့သစ်ရပ်အတွက် အပေါ့စားမီးသတ်စက် (Portable Fire Pump) တစ်စုံစီကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်းတို့က ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့သည်။

အဆိုပါ အပေါ့စားမီးသတ်စက်မှာ လူနှစ်ယောက် အလွယ်တကူမသယ်နိုင်ပြီး မီးသတ်ယာဉ် ဝင်ထွက်သွားလာရခက်ခဲသည့် နေရာများအတွက် အလွယ်တကူသယ်ယူ၍ မီးငြိမ်းသတ် နိုင်ပြီး ရေရရှိသည့် မည်သည့်နေရာမဆို ရေတွင်း၊ ရေကန်များမှ အလွယ်တကူ ရေစုပ်ယူ၍ အလျင်မြန်ဆုံး ငြိမ်းသတ်နိုင်သည့် အပေါ့စားမီးသတ်စက်ဖြစ်ကြောင်း သိရသည်။

သတင်း  - ကျော်မို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)