ချောက်/လမ်းရွာရေနံမြေ၏ ၂၀၂၁-၂၀၂၂ Mini Budget၊ လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် အထက်တန်းကျောင်း (၃)ကျောင်းအတွက် ထောက်ပံ့ပေးခဲ့သော သင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချနည်း သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောက်/လမ်းရွာရေနံမြေ၏ ၂၀၂၁-၂၀၂၂ Mini Budget၊ လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် အထက်တန်းကျောင်း (၃)ကျောင်းအတွက် ထောက်ပံ့ပေးခဲ့သော သင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချနည်း သင်တန်းဖွင့်လှစ်




MNP - ဧပြီ   ၂၉


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့၌   ချောက်/လမ်းရွာရေနံမြေ၏ ၂၀၂၁-၂၀၂၂ Mini Budget၊ လူမှုရေးတာဝန်သိမှု (CSR)အစီအစဉ်ဖြင့် ပညာရေးကဏ္ဍ ထောက်ပံ့သည့် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ချောက်မြို့ အထက(၁)ကျောင်း မြရိပ်ညိုခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးလွင်က အဖွင့်အမှာစကား ပြောကြားပြီး ချောက်/လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာ ဦးရဲနိုင်က အ.ထ.က ကျောင်း(၃)ကျောင်းအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြရာတွင် CSR ၏ အဓိပ္ပာယ်၊ CSR အစီအစဉ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုနှင့် ထောက်ပံ့ပေးနေမှု အခြေအနေများအား လည်းကောင်း၊ အာကာသနှင့်စကြာဝဠာ ကုမ္ပဏီမှ ဒေါက်တာ သန့်ထူးအောင်က  သင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချခြင်း သင်တန်းပေးရခြင်း၏ ရည်ရွယ်ချက် အား လည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက်မြို့နယ်ပညာရေးမှူးမှ CSR အစီအစဉ်ဖြင့် အ.ထ.ကကျောင်း(၃)ကျောင်းအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခဲ့ခြင်းအတွက် ကျေးဇူတင်စကား ပြောကြား ခဲ့သည်။


ဆက်လက်၍ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချခြင်း သင်တန်းအား  အာကာသနှင့်စကြာဝဠာ ကုမ္ပဏီမှ ဒေါက်တာသန့်ထူးအောင်က  အ.ထ.က(၁) ကျောင်းတွင် ဆက်လက် သင်ကြားပေး သွားမည်ဖြစ်ရာ သင်တန်းသို့သိပ္ပံဘာသာရပ်မှ ဆရာ၊ ဆရာမများ စုစုပေါင်း (၃၀)ဦးတက်ရောက် သင်ကြားသွားမည်ဖြစ်သည်။


ချောက်/လမ်းရွာ ရေနံမြေ၏ ၂၀၂၁-၂၀၂၂ Mini Budget၊ လူမှုရေးတာဝန်သိမှု (CSR ) အစီအစဉ်ဖြင့် ငွေကျပ်သိန်း (၉၀)တန်ဖိုးရှိ သင်ထောက်ကူပစ္စည်းများကို ချောက်မြို့ပေါ်ရှိ  အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃) ကျောင်း(၃)ကျောင်းအား ထောက်ပံပေးခဲ့ခြင်း ဖြစ်ပြီး ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အတွက် အ.ထ.က(၄)၊ အ.ထ.က(စလေ) အ.ထ.က(ဂွေးချို) ကျောင်း(၃)ကျောင်းအား သင်ထောက်ကူပစ္စည်းများ ထောက်က်ပံ့ပေးရန် လျားထားကြောင်း သိရသည်။


သတင်း - ကျော်မိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)