Pages

Pages

ကျောက်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး Mobile အဖွဲ့ဖြင့် မြို့မဈေးကြီးနှင့် ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်






MNP ၊ ဧပြီ  ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး  Mobile အဖွဲ့ဖြင့် ကျန်းမာရေးဌာနမှဝန်ထမ်းများက မြို့မဈေးကြီးနှင့် ရပ်ကွက်များသို့ သွားရောက်ကွင်းဆင်းထိုးနှံပေးလျှက်ရှိသည်။

ထိုသို့  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် မြို့မဈေးကြီး၌ ကုန်စုံဆိုင်ရောင်း ချနေသူများ၊ ဈေးရောင်း၊ဈေးဝယ်ပြုလုပ်နေသူများနှင့် ဈေးသွား၊ဈေးပြန်ပြည်သူများအထဲမှ အကြောင်း အမျိုးမျိုးကြောင့် ကိုဗစ်ကာကွယ်ဆေး ပထအကြိမ် မထိုးနှံရသေးသူများနှင့် ဒုတိယအကြိမ် ဆေးထိုးရန် ကျန်ရှိသူများကို ထိုးနှံပေးခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် မြို့မဈေး ကြီးနှင့် မွန်းလွဲပိုင်းတွင် ငလပွေ့ရပ်ကွက်သို့ ကွင်းဆင်း ထိုးနှံပေးသွားမည်ဖြစ်သည်။ 

ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ (၈၅၂၁၃)ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၅၅၉၉၈)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးသူ (၃၆၃၂)ဦး ရှိကြောင်း သိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment