မိုင်းငေါ့မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှါးရမ်းခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းငေါ့မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှါးရမ်းခြင်းဆောင်ရွက်




MNP - ဧပြီ    ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းငေါ့မြို၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှါးရမ်းခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀:)နာရီအချိန်ခန့်က ဈေးရပ်ကွက်သို့  သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှု့နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ်စာအုပ်အသစ်များ သွားရောက် လဲလှယ်ပေးသွားမှာဖြစ်ပါသည်။

အဆိုပါ ဆောင်ရွက်ခြင်းတွင် စာဖတ်ပရိတ်သတ်များ ကြိုက်နှစ်သတ်သည့် သုတ၊ ရသ စာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္ထုစာအုပ်များအား ငှါးရမ်းပေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်း - မြင့်သွယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)