Pages

Pages

တောင်ကုတ်မြို့၌ Mobile Team ဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံ

 


MNP - ဧပြီ   ၁၁

တောင်ကုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့်သူများသို့ Mobile Team ဖြင့် ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၈)နာရီအချိန်မှစ၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာမျာတွင် နဝမအသုတ် (ပထမအကြိမ်)စတင်ထိုးနှံ လျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ချောင်းကောက်ရပ်ကွက်တွင် ပြည်သူ(၇၂)ဦးသို့ လည်းကောင်း၊ မအီမြို့အမှတ် (၄)ရပ်ကွက်တွင် လူဦးရေ(၁၇၆)ဦး သို့လည်းကောင်း၊ လမူးမော်ကျေးရွာအုပ်စုတွင် လူဦးရေ(၁၁၇)ဦး သို့လည်းကောင်း၊ ပဒါကျေးရွာအုပ်စုတွင် လူဦးရေ(၁၅၃)ဦး သို့လည်းကောင်း၊ မီးချောင်းလူးကျေးရွာ အုပ်စုတွင် လူဦးရေ (၈၀)ဦးသို့လည်းကောင်း၊ ဘူး‌ရွှေမော်ကျေးရွာအုပ်စုတွင်  လူဦးရေ(၁၂၅)ဦးသို့ လည်းကောင်း ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment