တပ်တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက် MobileTeam ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး များထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက် MobileTeam ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး များထိုးနှံပေး


MNP ၊ ဧပြီ ၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် တပ်တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် Mobile Team ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တကြိမ်မှမထိုးနှံရသေးသည့် အသက် (၁၈)နှစ်နှင့် အထက်အား ယနေ့နံနက်  (၇) နာရီ၃၀ အချိန်က စတင်ပြီး တပ်တောင်မြို့အမှတ် (၃) ရပ်ကွက်ကာရီပြင်ပိုင်းစုရပ် နှင့် သင်္ဘောဆိပ်ဟောင်းပိုင်း ဆေးထိုးစုရပ်တို့ ၌ ကျန်းမာ ရေးဝန် ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာ တွင်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ကျန်းမာ ရေးဦးစီးဌာနမှဝန်ထမ်းများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကာကွယ် ဆေးထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ လာရောက် ထိုးနှံသည့် သူများအား၊ ကျန်းမာရေး စစ်ဆေးခြင်းများကိုစနစ်တကျဆောင်ရွက်ပေးကာ ကွယ်ဆေးထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံထာပြီးသူများအား မိနစ်၃၀ ခန့် စောင့်ကြည့်ခဲ့ကြောင်းနှင့်အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးစုရပ်များသို့ မြို့အုပ်ချုပ်ရေးမှူးနှင့်နယ်မြေခံ ရဲတပ်ဖွဲ့စခန်းမှူးတို့က လှည့်လည်ကာ ကျန်းမာရေးဝန်ထမ်းများ ဆေးထိုးလာသူများကို အားပေးကြည့်ရှု ခဲ့ကြကြောင်းသတင်ရရှိပါသည်။

သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)