Pages

Pages

ချောင်းဦး-အမြင့်သွား ကားလမ်း၌ မိုင်းထောင်ခဲ့သည့် NLD အစွန်းရောက် PDF အကြမ်းဖက်သမား၏ နေအိမ်အား ချိတ်ပိတ်သိမ်းဆည်း





MNP ၊ ဧပြီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြိုနယ်၊ ချောင်းဦး- အမြင့်ကားလမ်းပေါ်တွင် လုံခြုံရေးပူးပေါင်းအဖွဲမှ နယ်မြေရှင်းလင်းစဉ် မယ်သဲကြိုးကွင်းအနီး အများပြည်သူသွားကားလမ်းဘေးတွင် လက်လုပ်မိုင်းထောင်နေစဉ် အသေပစ်ခတ်ဖမ်းဆီးရမိသည့် NLD အစွန်းရောက် PDF အကြမ်းဖက်သမား မင်းခန့်ဇော်၊ ရန်အောင်မြေရပ်ကွက်၊ ချောင်းဦးမြိုနေအိမ်အား နိုင်ငံတော်ပိုင်အဖြစ် တာဝန်ရှိသူများက ချိတ်ပိတ်သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ထိခိုက်စေရန် လမ်းမကြီးများပေါ်တွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများ ကျူးလွန်လျက်ရှိရာ NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၂၅၀၀ ကျော်အထိ သေဆုံးခဲ့ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment