NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများက အများပြည်သူများထိခိုက်စေရန် ထောင်ထားသော လက်လုပ်မိုင်းများ ဖော်ထုတ်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများက အများပြည်သူများထိခိုက်စေရန် ထောင်ထားသော လက်လုပ်မိုင်းများ ဖော်ထုတ်ရှင်းလင်း




MNP ၊ ဧပြီ ၃

ယမန်နေ့ နေ့လည် ၃ နာရီခွဲ့ခန့်တွင် မြိုင်မြို့နယ် သာစည်ရွာလမ်းခွဲနှင့် နှမ်းဆီကန်ရွာကြား၊ ကမ္မ-ကိုင်းတောမ-ကျောက်ခွက်ရေနံမြေ ကားလမ်းဘေး၊ ကတ္တရာလမ်းနှင့်ကပ်လျက်တွင် NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်မိုင်းများကို နယ်မြေခံတပ်မတော်စစ်ကြောင်း၊ ‌ပြည်သူ့စစ်တပ်ဖွဲ့ဝင်များတို့မှ အန္တရာယ်ကင်းရှင်းစွာဖြင့် ဖော်ထုတ် ရှင်းလင်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအား ဒေသခံပြည်သူများမှ လက်မခံခြင်း၊ ထောက်ခံမှုမရရှိခြင်းများကြောင့် အပြစ်မဲ့ပြည်သူများ အထိတ်တလန့်ဖြစ်စေရန်ခြိမ်းခြောက်ခြင်း၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်များ၏ လူမဆန်သော လုပ်ရပ်များကို လက်မခံနိုင်သော ဒေသခံပြည်သူများသည် နယ်မြေခံတပ်မတော်စစ်ကြောင်းနှင့် ပူးပေါင်းကာ NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက် ကင်းစင်ရေး၊ အပြစ်မဲ့ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး ယခုကဲ့သို့ နီပိန်း PDF အကြမ်းဖက်များ၏ သတင်းများအား အချိန်နဲ့တပြေးညီ ပေးပို့ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အလားတူ အထက(တွင်းမ)မှ တက္ကသိုလ်ဝင်တန်းဖြေဆိုရန်သွားရောက်သည့် ကျောင်းကားအား ကမ္မ-မြိုင် ကားလမ်း၊ နှမ်းဆီကန်ရွာနှင့် သရက်ကန်ရွာကြား၊ စိုကန်ရွာ၏ အနောက်တောင်ဘက် ကားလမ်း၊ လမ်းခွဲနေရာမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်လုပ်ရပ်များကို NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများက လူမဆန်စွာ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အပြစ်မဲ့ခရီးသွားပြည်သူများ၊ အပြစ်မဲ့ဒေသခံပြည်သူများ၊ ကျောင်းသူ/ကျောင်းသားများအား လူမဆန်စွာ မိုင်းထောင်တိုက်ခိုက်ခြင်း၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်မှုများအား နိုင်ငံတော်တည်ငြိမ်ရေးအား လိုလားသောပြည်သူများမှ နယ်မြေခံတပ်မတော်စစ်ကြောင်းနှင့် လက်တွဲကာ အမြစ်ပြတ်ခြေမှုန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)