Pages

Pages

မြိုင်မြို့နယ်၊ တွင်းမရွာ ဇော်ဂျီတောင်၊ ချမ်းစိမ့်မြိုင် တောရကျောင်းမှ NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများအား လက်နက်များနဲ့အတူ ဖမ်းမိ


MNP ၊ ဧပြီ ၃

မြိုင်မြို့နယ်၊ တွင်းမရွာ ဇော်ဂျီတောင်၊ ချမ်းစိမ့်မြိုင် တောရကျောင်းမှ NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများအား လက်နက်များနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အကြမ်းဖက်သမားများကို လက်ခံထားသည့် ချမ်းစိမ့်မြိုင်ကျောင်ဆရာတော် Ashin Uttama သည် ထွက်ပြေးလွတ်မြောက်နေပြီး လူမှုကွန်ရက်စာမျက်နှာမှ တပ်မတော်က တောရကျောင်းအား အကြမ်းဖက်စီးနင်းပါတယ် ဟု ရေးသားဖြန့်ဝေထားသည်။

NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများသည် မိုင်းထောင်ဖောက်ခွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများ ကျူးလွန်လျက်ရှိရာ အဆိုပါဒေသတွင် အချို့သော ဘုန်းတော်ကြီးကျောင်းများက အကြမ်းဖက်သမားများအား လက်နက်ခဲယမ်းများနှင့်တကွ လက်ခံထားပြီး ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက်စခန်းသဖွယ် အသုံးချမှုများ ရှိနေကြောင်း သိရသည်။

ချမ်းစိမ့်မြိုင် တောရကျောင်းတွင် NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများ ခိုအောင်းနေသည် ဟူသော တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများအား လက်နက်များနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment