MNP ၊ ဧပြီ ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဟိုတယ်လုပ်ငန်းတစ်ခုအား ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် NLD အစွန်းရောက်အကြမ်းဖက် သူတောင်းစားများက ကျည်ဆံတစ်တောင့် နှင့် စာ ၁ စောင်အား ပေးပိုကာ ခြိမ်းခြောက်၍ ငွေတောင်းယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ စာတွင် NLD အစွန်းရောက် အကြမ်းဖက် သူတောင်းစားများက "ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PDF" မှ ရန်ပုံငွေရှာဖွေရေးတာဝန်ခံဆိုသူတစ်ဦးက ၎င်းတို့တောင်းခံသော ငွေကြေးအားရှာဖွေ၍ အမြန်ဆုံးဆက်သွယ်ပေးပိုရန်နှင့် မဆက်သွယ်ပါက အရေးယူမည်ဖြစ်ကြောင်း ရေးသားကာ ကျည်ဆံတစ်တောင့် နှင့်အတူ ပေးပိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများ ဦးဆောင်လှုပ်ရှားလျက်ရှိသည် နွေဦးတော်လှန်ရေးသည် တော်လှန်ရေးပုံသဏ္ဍာန် မဟုတ်တော့ဘဲ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို အနိုင်ကျင့် သတ်ဖြတ်ခြင်း၊ သေဆုံးသူများ၏ နေအိမ်များမှ ရွှေငွေပစ္စည်းများကို ရယူခြင်းကဲ့သို့သော ဓားပြဆန်သည့် လုပ်ရပ်များ ကျူးလွန်လျက်ရှိပြီး အထက်ပါဖြစ်စဉ်ကဲ့သို့ ကျည်ဆံနှင့် စာ ပေးပို့ကာ သူတောင်းစားဆန်ဆန် ငွေေကြေးတောင်းခံမှုများကို ပြုလုပ်လျက်ရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment