ဒဂုံမြိုသစ်တောင်ပိုင်းမြို့နယ်တွင် လက်လုပ်မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ NLD အစွန်းရောက် အကြမ်းဖက်သမားတစ်ဦး သေဆုံးပြီး အခင်းဖြစ်ရာအနီးဖြတ်သန်းသွားလာသည့် အမျိုးသား ၂ ဦးဒဏ်ရာရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြိုသစ်တောင်ပိုင်းမြို့နယ်တွင် လက်လုပ်မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ NLD အစွန်းရောက် အကြမ်းဖက်သမားတစ်ဦး သေဆုံးပြီး အခင်းဖြစ်ရာအနီးဖြတ်သန်းသွားလာသည့် အမျိုးသား ၂ ဦးဒဏ်ရာရ


MNP ၊ ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်တောင်ပိုင်းမြိုနယ်၊ (၁၉) ရပ်ကွက်ရှိ လှော်ကားလမ်းနှင့် မြိတ်လမ်းထောင့်၌ ဧပြီလ ၂၃ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန်တွင် NLD အစွန်းရောက် အကြမ်းဖက်သမား ၁ ဦး လက်လုပ်မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့ပြီး အခင်းဖြစ်ရာအနီး ဖြတ်သန်းသွားလာသည့် အမျိုးသား ၂ ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။

ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲဝင်များက အခင်းဖြစ်ရာသို သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းထောင့်၌ အကြမ်းဖက်သမား ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ၎င်းနေရာအနီး ဖြတ်သန်းသွားလာသည့် အဆိုပါရပ်ကွက်နေ မောင်စံဂျေး (၂၁) နှစ် နှင့် မောင်အိုနဒါး (၁၇) နှစ်တို နှစ်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာအချိုရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနိုင်ရေး ဆေးရုံသိုပိုဆောင်ပေးခဲ့ပြီး လက်လုပ်မိုင်းဖောက်ခွဲသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ အဆိုပါရပ်ကွက် နံသာမြိုင်လမ်းနှင့် ပတ္တမြားလမ်းထောင့်၌ (၂၆) ရပ်ကွက်နေ ကိုကိုနိုင် (၁၈) နှစ် အား မျက်နှာ၊ ဝဲလက်ဖျံ နှင့် ဝဲယာခြေထောက်များတွင် ပေါက်ပြဲဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရှိသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် လှော်ကားလမ်းနှင့် မြိတ်လမ်း ထောင့်လမ်းဘေး၌ လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဆေးကုသမှုခံယူနိုင်ရေး ဆေးရုံသို ပိုဆောင်ပေးစဉ် သေဆုံးသွားခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)