Pages

Pages

NLD ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးဟောင်းအား ထောင်ဒဏ် ၁၅နှစ်ချမှတ်


MNP ၊ဧပြီ ၂၈

NLD ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းအား အဂတိလိုက်စားမှု ၅မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၁၅နှစ်ကျခံရန် အထူးတရားရုံးက ယနေ့ ဧပြီ ၂၈ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဦးနိုင်ငံလင်းအား ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် ဖမ်းဆီးရမိပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ အမှု ၅ မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဦးနိုင်ငံလင်းသည် ၂၀၂၁ ဇန်နဝါရီက သင်္ဃန်းကျွန်းပညာရေးကောလိပ်နှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်တို့တွင် အဆောက်အဦ ဆောက်လုပ်ခွင့်ရသည့်ကုမ္ပဏီထံမှ ကျပ်သန်း ၁၈၀ နှင့် ကျပ် ၈ သိန်းခန့် တန်ဖိုးရှိ တီဗွီနှင့်ကာရာအိုကေ စက်တစ်စုံ၊ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်၌ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် စာသင်ဆောင် ဆောက်လုပ်ခွင့်ရသည့် ကုမ္ပဏီပိုင်ရှင်တဦးထံမှ ကျပ်သိန်း ၅၀ နှင့် ၅ သောင်းခန့် တန်ဖိုးရှိ လက်ဆောင်ခြင်းနှင့် ၂၀၂၀ ဒီဇင်ဘာလအတွင်းကလည်း ဒဂုံတက္ကသိုလ်တွင် အဆောက်အဦ ဆောက်လုပ်ခွင့်ရသည့် ကုမ္ပဏီထံမှ ကျပ်သိန်း ၂၀ ကို လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၀ ဇွန်လအတွင်းက တောင်ဒဂုံစက်မှုလက်မှုသိပ္ပံကျောင်း အဆောက်အဦ ဆောက်လုပ်ခွင့်ရသည့် ကုမ္ပဏီ ပိုင်ရှင်တစ်ဦးထံမှ ကျပ် ၁၀ သိန်းနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ပုဂ္ဂလိကကုမ္ပဏီတခု၏ Quarantine Center သီးသန့်ဖွင့်လှစ်ခွင့်ပြုရန် တင်ပြထားသည့်နေရာအား သွားရောက်စစ်ဆေးစဉ် ကုမ္ပဏီကပေးအပ်သည့် ကျပ် ၈ သိန်းခန့်တန်ဖိုးရှိ iPhone 12 Mini ဖုန်းတစ်လုံးအား လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment