Pages

Pages

NUG အကြမ်းဖက်အဖွဲ့မှ ပြည်ပြေးအကြမ်းဖက်လှုံ့ဆော်သူများ သင်္ကြန်ပွဲကို ခုတုန်းလုပ်၍ အကြမ်းဖက်အဖွဲ့အတွက် ရန်ပုံငွေရှာဖွေလျက်ရှိ



MNP ၊ ဧပြီ ၁၂

မြန်မာနိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် နည်းမျိုးစုံဖြင့် လုပ်ကြံဖန်တီးလှုံ့ဆော်ခဲ့ကြပြီး အမေရိကန်သို့ ထွက်ပြေးရောက်ရှိနေကြသည့် NUG အကြမ်းဖက်အဖွဲ့မှ ပြည်ပြေး အကြမ်းဖက်လှုံ့ဆော်သူများသည် အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမားပြည်နယ်၊ တူလ်ဆာမြို့တွင် သင်္ကြန်အကြို NUG Bond ရောင်းချပွဲနှင့် ရန်ပုံငွေ ရှာဖွေပွဲ ပြုလုပ်လျက်ရှိကြောင်း အကြမ်းဖက်လှုံ့ဆော်သတင်းဌာနများတွင် ဖော်ပြထားချက်များအရ သိရသည်။


အဆိုပါ NLD ပါတီမှ ပြည်ပြေး အကြမ်းဖက်လှုံ့ဆော်သူများအနေဖြင့် မြန်မာနိုင်ငံအတွင်း နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ရန် လှုံ့ဆော်မှုများ ပြုလုပ်နေကြပြီး ၎င်းတို့အနေဖြင့် သင်္ကြန်ပွဲတော်ကို ခုတုန်းလုပ် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ငွေကြေးရှာဖွေမှုများ ပြုလုပ်နေကြခြင်းဖြစ်သည်။


သင်္ကြန်ကာလနီးကပ်လာချိန် ရန်ကုန်မြို့ပေါ်တွင် မြို့တော်ခန်းမရှေ့ရှိ ဖျော်ဖြေရေးမဏ္ဍပ်ကို NLD အစွန်းရောက် အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်ခဲ့ကြပြီး ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်ခြင်း၊ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ အဆက်အပြတ် လုပ်ဆောင်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment