လှိုင်းဘွဲမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန၌ အိုမီခရွန်(Omicron) အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်းဘွဲမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန၌ အိုမီခရွန်(Omicron) အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်




MNP - ဧပြီ    ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် အိုမီခရွန်(Omicron) ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ သိရှိနိုင်စေရန်အတွက် အသိပညာပေး Talk show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။      

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဒီမွန်ကျော်က အိုမီခရွန်(Omicron)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးမှ ဦးလင်းလင်းက မြို့နယ်ကြက်ခြေနီအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကာကွယ် ဆေးထိုးနှံရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေမှု၊ နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ၊ မြို့နယ်အတွင်း ရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - စောဒိ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)