Pages

Pages

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ချပေးသော Oxygen Plant ရောက်ရှိ



MNP - ဧပြီ   ၂၅ 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံကုသရေးလုပ် ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက တစ်ရက်လျှင် 40 Liter (2200 mba/mba/ 40L) အိုး 100 ထွက်ရှိနိုင်သော Oxygen Plant (25Nm-Nm3/hr)(ORO-25,china) 10 units အမျိုးအစား ကွန်တိန်နာစက် ယမန်နေ့မွန်းလွှဲ(၂)နာရီအချိန်ခန့်က ရောက်ရှိခဲ့ပါသည်။

အဆိုပါ ကွန်တိန်နာ Oxygen စက်ရောက်ရှိရာတွင် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခင်ဇော်လှိုင်၊ မြို့နယ်စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်၊ မြို့နယ်ခေတ္တကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းရွှေနှင့် မြို့နယ် Oxygen Plant ကြီးကြပ်မှုကော်မတီတို့က ကွန်တိန်နာနေရာ အတည်တကျထားရှိနိုင်ရေး၊ စက်ရုံရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် Oxygen ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။

ကွန်တိန်နာ Oxygen စက်နှင့်အတူ 40L အိုးအလွတ်16လုံးပါရှိပြီး လာမည့်စက်တင်ဘာလအထိ Oxygen ဓာတ်ငွေ့အား ပိုမိုဖြည့်သွင်းနိုင်မည်ဖြစ်ပြီး အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ Oxygen စက်တည်ရှိနေခြင်းကြောင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မိဘပြည်သူများ Oxygen လိုအပ်မှုလွယ်ကူလာပြီး ကျန်းမာရေးအထောက်အပံ့ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment