Pages

Pages

သာပေါင်းမြို့နယ်တွင် ကိုယ်ဝန်‌ဆောင်၊ နို့တိုက်မိခင်များနှင့် တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် ရဟန်းသံဃာ၊ ကျေးလက်နေပြည်သူ (၂၈၂၅)ဦးတို့ကို (Sinovac) ကာကွယ်ဆေးထိုး ထိုးနှံပေးနိုင်ခဲ့



MNP - ဧပြီ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မိခင်ကလေးဌာန၊ စက်ဒေါင့်ကြီးကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ဥသျှစ်‌ကျေးရွာ၊ ဒါးကညောင်ကုန်းကျေးရွာ၊ ဇီးဖြူကွင်းကျေးရွာ၊ မကျည်းကုန်းကျေးရွာ၊ ဆိပ်သာကျေးရွာ၊‌ခေနန်ကျေးရွာ၊ ဆောင်ဘုံကျေးရွာ၊ ကုလားဝဲကျေးရွာတို့တွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့် ဆေးထိုးရန်ကျန်ရှိ အသက်(၁၈)နှစ်အထက် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သောကြီးကြပ်ရေးအဖွဲ့များမှ ကျေးရွာများအရောက် ဆေးထိုးစုရပ်ပြု၍ နေ့စဉ် ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ကာ (Sinovac) ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ကျ ဌာနဆိုင်ရာများမှ ကျေးရွာများအရောက် အိမ်အရောက် လှည့်လည်ရှင်းလင်း ပြောကြားကြည့်ရှု အားပေးပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ပေးကြရာ ကိုယ်ဝန်‌ဆောင်၊ နို့တိုက်မိခင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ရဟန်း သံဃာ၊ ကျေးလက်နေပြည်သူများအား မိခင်ကလေးဌာနတွင် ကိုယ်ဝန်‌ဆောင်၊ နို့တိုက်မိခင်များနှင့် အသက်(၁၈)နှစ်နှင့်အထက် (၂၉)ဦး၊ စက်ဒေါင့်ကြီးကျေးရွာတွင် ကိုယ်ဝန်‌ဆောင်၊ နို့တိုက်မိခင်နှင့် အသက်(၁၈)နှစ်နှင့်အထက် (၂၉၆)ဦး၊ ဘုရားကုန်းကျေးရွာတွင် ကိုယ်ဝန်‌ဆောင်၊ နို့တိုက်မိခင်နှင့် အသက်(၁၈)နှစ်နှင့်အထက် (၂၃၃)ဦး၊ ဥသျှစ်ကျေးရွာတွင် ကိုယ်ဝန်‌ဆောင်၊ နို့တိုက်မိခင်နှင့် အသက်(၁၈)နှစ်နှင့်အထက် (၃၆၈)ဦး၊ ဒါးကညောင်ကုန်းကျေးရွာတွင် ကိုယ်ဝန်‌ဆောင်၊ နို့တိုက်မိခင်နှင့် အသက်(၁၈)နှစ်နှင့်အထက် (၃၂၁)ဦး၊ ဇီးဖြူကွင်းကျေးရွာတွင် ကိုယ်ဝန်‌ဆောင်၊ နို့တိုက်မိခင်နှင့် အသက်(၁၈)နှစ်နှင့်အထက် (၅၀၈)ဦး၊ မကျည်းကုန်းကျေးရွာတွင် ကိုယ်ဝန်‌ဆောင်၊ နို့တိုက်မိခင်နှင့် အသက်(၁၈)နှစ်နှင့်အထက် (၂၆၇)ဦး၊‌ ဆိပ်သာကျေးရွာတွင် ကိုယ်ဝန်‌ဆောင်၊ နို့တိုက်မိခင်နှင့် အသက်(၁၈)နှစ်နှင့်အထက် (၁၄၉)ဦး၊ ခေနန်ကျေးရွာတွင် ကိုယ်ဝန်‌ဆောင်၊ နို့တိုက်မိခင်နှင့် အသက်(၁၈)နှစ်နှင့်အထက် (၁၄၈)ဦး၊ ဆောင်ဘုံကျေးရွာတွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့် အသက်(၁၈)နှစ်နှင့်အထက် (၂၂၄)ဦး၊ ကုလားဝဲကျေးရွာတွင် ကိုယ်ဝန်‌ဆောင်၊ နို့တိုက်မိခင်နှင့် အသက်(၁၈)နှစ်နှင့်အထက် (၂၈၂)ဦးတို့ကို ဆေးထိုးစုရပ်ပြုလုပ်၍ ကိုယ်ဝန်‌ဆောင်၊ နို့တိုက်မိခင်၊ အသက်(၁၈)နှစ်နှင့်အထက် စုစုပေါင်း ပြည်သူ (၂၈၂၅)ဦးတို့ကို (Sinovac)ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြကြောင်း သိရသည်။

သတင်း - မျိုးဇော်သိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment