မိုင်းဖြတ်တွင် “လူငယ်ဘက်စုံ တိုးတက်ဖွံ့ဖြိုးရေး” အသိပညာပေး Talk Show ပူးပေါင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်တွင် “လူငယ်ဘက်စုံ တိုးတက်ဖွံ့ဖြိုးရေး” အသိပညာပေး Talk Show ပူးပေါင်း ဆောင်ရွက်



MNP -  ဧပြီ  ၁၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ “လူငယ်ဘက်စုံတိုးတက် ဖွံ့ဖြိုးရေး” အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၉ နာရီက လူထု အခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က “လူငယ်ဘက်စုံတိုးတက်ဖွံ့ဖြိုးရေး” အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် အသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်ရာ မြို့နယ် ဦးစီးမှူး ဦးရှောလမွန်က လူငယ်အရွယ်နှင့် ပြုစုပျိုးထောင်ပေးနိုင်မည့် နည်းလမ်းများ၊ လူငယ်များ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများ၊ လူငယ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များမှ ပါဝင်လိုက်နာဆောင်ရွက်သင့်သော အခြေအနေများ၊ လုပ်ငန်းနယ်ပယ် အရပ်ရပ်တွင် လူငယ်များ ပါဝင်လုပ်ဆောင်မှုများကို အဟန့်အတားများ တွေ့ရှိမှု အခြေအနေများ၊ လူငယ်များ စာရိတ္တမဏ္ဍိုင်ခိုင်မာပြီး  နိုင်ငံတော်အတွက် အကျိုးပြု နိုင်မည့် အခန်းကဏ္ဍနှင့် တိုက်တွန်းအားပေးလိုသော ဆန္ဒများ စသည့် အချက်များကို မေးမြန်း ဆွေးနွေးရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်ထွန်း က မေးမြန်း ဆွေးနွေးချက်အပေါ် ခေတ်ကာလ လူငယ်များ၏အခြေအနေများ၊လူငယ်များ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် သိသင့်သိထိုက်၊လိုက်နာရမည့် အကြောင်းအရာများ၊လူငယ်များသည် နိုင်ငံတော်၏အနာဂတ်အတွက် အရေးကြီးသော အခန်းကဏ္ဍများကို ကဏ္ဍအလိုက် အကျယ်တဝင့် ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)