Pages

Pages

တပ်ကုန်းမြို့နယ်တွင် တိုင်းရင်းဆေးကုပညာနှင့်အပူဒဏ်အန္တရာယ်ကာကွယ်ရေးအသိပညာပေး ( Talk Show ) ဆောင်ရွက်



MNP -  ဧပြီ   ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍  တိုင်းရင်းဆေးကုပညာနှင့် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ဧပြီလ ၅ ရက် မွန်းလွဲ (၂) နာရီခွဲက ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပသည်။

အဆိုပါဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်၊ မြို့နယ် တိုင်းရင်းဆေးကုဌာန၊    မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေယုတို့ က အပူဒဏ်ကြောင့် ဖြစ်ပွားတတ်တဲ့ရောဂါ လက္ခဏာများ၊ သတိလစ်မှုဖြစ်ပွားလျှင် ဆောင်ရွက်ရမည့်အချက်များ၊ အပူဒဏ်ကာကွယ်ရေး လိုက်နာရမည့် အချက်များ၊ အပူရှပ်ခြင်းနှင့် အပူရှပ်ခြင်းမဖြစ်ပွားအောင် ရှောင်ကြဉ်ရမည့်အချက်များ၊ လေအေးပေးစက်သုံးစွဲမှုနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးခဲ့ကြသည်။ 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပခဲ့သည့် တိုင်းရင်းဆေးကုပညာနှင့် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး(Talk Show) အပြည့်အစုံကို တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင်  တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - တင်စိုးလွင်

မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment