Pages

Pages

ရေတာရှည်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်



MNP - ဧပြီ   ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ဧပြီလ ၂၆ ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)  ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်၊ မြို့နယ်တာဝန်ခံဦးဇော်ဇော်ထွေးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံတို့ ကစားသုံးသူကာကွယ်ရေးဥပဒေ၊ နစ်နာဆုံးရှုံးမှုများအား တိုင်ကြားလာမှုအပေါ် ညှိနှိုင်းဆောင်ရွက်မှု၊ ထိန်းချုပ်အစားအသောက်များနှင့် ညွှန်ကြားချက်များစသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment